ကျိန်းရိပ်မြေမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။

Tuesday, October 19, 2010

ဝေဒနာအဆိပ့်ကဗျာများ

ရင်ကွဲတဲ့နေ့ 

တကယ်ဆိုလျှင်
ဟိုအရင်ကတည်းက
ဆုံဆည်းခွင့်ရတောင်
မနှောင်တွယ်မိစေ
ကိုယ်နေသင့်ခဲ့ပါတယ်...

ရင်ထဲကအချစ်
စွန့်လွှတ်ခဲ့ချင်လည်း
နှလုံးသားဆန္ဒ
ထိမ်းမရခဲ့တာ
ကိုယ်ညံ့ လိုပါကွယ်......

အတွေးထဲဝင်ရောက်
နှောက်ယှက်နိုင်လွန်းခဲ့
ရဲရဲမှမပျော်ရွှင်
နာကျင်စရာရက်
ကြိုတွေးနေခဲ့မိတယ်......
 

နှုတ်ဆက်သောသူကို
ငိုနေတဲ့မျက်လုံး
ဟန်ဆောင်လို့ ပြုံးကာ
ဝေဒနာတွေအပြည့်
ရင်ကွဲတဲ့နေ့ ပေါ့.......

ရက်စက်ခြင်းတရား
ကိုယ့်ဆီမှာထားလို့ 
ဟိုး...ဝေးကိုပြေးထွက်
လွမ်းလျှက်နဲ့ နေစေ
ညွှန်းခဲ့လေရော့လားကွယ်......

 .................................................

ချစ်သူသိစေ

ချစ်သူသိကွယ်
နွယ်တပင်လို
တွယ်တာရစ်တိုး
အချစ်ကြိုးလေး
ချည်နှောင်ပေးလို့  ပျော်ရတယ်

ချစ်သူသိနော်
ပျော်ရွှင်ကြည်နူး
တိမ်းမူးချိုမြ
စကားလှလေး
ဆိုတတ်ပေးလို့ ချစ်ရတယ်...
 

ချစ်သူသိစေ
မိုင်တွေဝေးကွာ
ဘယ်မှာနေနေ
ကိုယ့်ရဲ့နံဘေး
အရိပ်ကလေးလိုရှိနေတယ်..

ချစ်သူသိပါ
သာယာငြိမ့်အေး
တေးသံလေးနဲ့ 
ယုယကြင်နာ
ချော့တတ်ရှာလို့ ကျေးဇူးကွယ်...
ချစ်သူစကား နားဝယ်ကြားဆဲ
ချစ်သူအပြုံး မြင်ယောင်တုန်းပါ
ချစ်သူ့ ပုံပြင် နားဆင်ချင်ခဲ့ 
ချစ်သူ့ တေးသံ စမ်းရေသံလို
ကိုယ်တင်စားရင်း ချစ်နေမယ်။။။။

.............................................................. 

ကျေနပ်စွာနဲ့ လွမ်းနေမယ်

ကင်နာသူရေ
အတူနေမှ
ချစ်ခွင့်ရတာ
မဟုတ်ပါကွယ်
ရင်မှာချစ်ခြင်း
မြတ်နိုးခြင်းများ
ထားရှိသစ္စာ
မပျက်ပါပဲ
စွဲမြဲမေတ္တာ
တသက်စာမူ
ဘယ်သူခွဲစေ
ချစ်နေလို့ လည်းရပါတယ်။။။။။။

ကြင်နာသူရေ
တွေ့ နေပါမှ
သတိရတာ
မဟုတ်ပါကွယ်
မိုင်တွေဝေးကွာ
ကမ
္ဘာခြားစေ
မေ့မသွားပါ
ကြင်နာရှာသူ
ကိုယ့်ချစ်သူကို
ပိုလို့ တမ်းတ
နွမ်းလျစွာလေ
သတိတွေလည်းရပါတယ်။။။။။။

ကြင်နာသူရေ
အတွေးနယ်မှာ
ဆွေးနေပါမှ
လွမ်းလို့ ရတာ
မဟုတ်ပါကွယ်
တွယ်ငြိစကား
နားဝယ်ကြားကာ
မှာတမ်းခြွေသော
သူ့ သဘောများ
လိုက်နာထားခဲ့
ကျေနပ်လျှက်လေ
လွမ်းနေလို့ လည်းရပါတယ်။။။။။။။

??်??်??်...

Wednesday, October 6, 2010

ညီမလေးဖတ်ဖို့ 

ညီမလေးက မသိတတ်ဘူး
ပြောလိုက်တိုင်း ပြောလိုက်တိုင်း
မျက်လုံးလေးက ဝေ့၀ိုက်လည်လို့
ကျွန်တော့ညီမလေးက ဘာသာစကားသင်ခါစ
ဘ၀ လောက လူ့သဘာဝ သံသရာ
ညီမလေးကအဓိပ္ပာယ်တွေ နားမလည်တော့
ကျွန်တော့်ကို ခဏခဏမေးခွန်းထုတ်တယ်
ပျော်စရာဆိုတာ ညီမလေးရှာမရတဲ့ ဘာသာဗေဒလား
ဝေဒနာဆိုတာ ညီမလေးအသားကျနေတဲ့ အက္ခရာတွေလား
ဒုက္ခဆိုတာ ညီမလေးသုံးနေကျ ဗျည်းသရတွေလား
ကျွန်တော်ကလည်း သိပ်ချစ်တော့မဖြေရက် မဆိုရက်
မထိရက် မကိုင်ရက်
ရယ်စရာတွေပဲ လှည့်ပတ်ပြောနေခဲ့တာ
ခုမှစဉ်းစားမိလာတယ်
ကျွန်တော်မပြောခဲ့တဲ့ အနေအထားက
ညီမလေးကို တစ်ရစ်ပြီးတစ်ရစ် ၀ိုင်းရံလို့
ကျွန်တော့်ခန္ဓာကိုယ်မှာ ရုပ်နဲ့ နာမ်ဟာခွဲခွာလို့
ကြောက်ရွံ့ခြင်းက သွေးလိုစီးဆင်းလို့
ကျွန်တော်စိတ်ကျ ရူးသွပ်နေတုန်း
ကျွန်တော် ပြောသမျှ အတွေ့အကြုံတိုင်းကို
ညီမလေးက မသိတတ်ဘူး။
မြတ်ဝေ

မနက်ဖြန်မှာ ကိုယ်တို့ပြန်သန်းနိုင်လိမ့်မယ်

ညီမလေးရေ
မျှော်လင့်ချက်အကြောင်း တစေ့တစောင်း
အဆိုးအကောင်းများရဲ့အလယ်
မနက်ဖြန်မှာ ကိုယ်တို့ပြန်သန်းနိုင်လိမ့်မယ်
မျက်ဝန်းများမှအချစ် အမြဲဆန်းသစ်မယ့်နေရာ
လွတ်လပ်မှုမှာပျော်ရွင်ရာဖို့
မနက်ဖြန်မှာ ကိုယ်တို့ပြန်သန်းနိုင်လိမ့်မယ်
မင်းရွေ့လျားတဲ့လမ်း
ဟိုမြစ်ကမ်းမှာလည်းကိုယ်ရှိမယ်
မင်းကြုံတွေ့မယ့်ဘဝ
အနေရ ခက်မှု အ၀၀ တွေ ငါ့ကိုပြောပါ
အတူတူမျှဝေ ခံစားဖို့အဓိပ္ပါယ်
အချစ်ဆိုတာ ချစ်နေရုံထက်ပိုပါတယ်
ဟုတ်တယ်ဟုတ် ညီမလေး
ကိုယ့်ကံကြမ္မာကိုယ်ရေးလို့
မနက်ဖြန်မှာ ကိုယ်တို့ပြန်သန်းနိုင်လိမ့်မယ် ။ ။
မြတ်ဝေ


လမ်းတွေရဲ့ အဆုံးမှာ မင်းရှိနေမလား
တကယ်ဆို တကယ်ပါ ညီမလေး
လူ့ဘ၀ဆိုတာ ခံစားမှုရသ အဓိပ္ပာယ်
အမြင့်ပြီးတော့ အမြင့် မျှော်လင့် ပျံသန်း...
အတူတူတွေပဲမို့ ကိုယ်ချင်းစာ လက်တွဲ...
မြေနိမ့်ရာ လက်ကမ်းလို့ သာတူညီစေ..
ကိုယ်ယူဆထားတဲ့ နေထိုင်ခြင်းသင်္ကေတ
ဘ၀ဟာ ရိုးရိုးလေး အေးအေးလေး ရှင်းလင်းလွယ်ကူ
မင်းလက်ခံထားတဲ့ ကိုယ်ပိုင်မူဝါဒ
ဘယ်လိုလဲကွယ် ကိုယ်သိပ်သိချင်တယ်
လမ်းတွေရဲ့  အဆုံးမှာ မင်းရှိနေမှာလား
မျှော်လင့် တမ်းတ သတိရ
အခန်းလေးရဲ့  ပတ်လည် အလွမ်းနေရာတကာ
ကိုယ်ချင်းစာ နားလည် ခံစား
ကိုယ့်ညီမ နှင်းမှုန်ရီခြယ် ချယ်ရီငယ်
လက်ကိုတွဲ အမြဲ အစဉ် ထာဝရ
လမ်းတွေရဲ့  ဘ၀ဆိုတာ ကိုယ်လျှောက်ခဲ့တဲ့အတိုင်း အကွာအဝေး
အနီးအမှုန် အလင်းအမှောင် မြင်ယောင်...
တကယ်ဆို တကယ်ပါ ကိုယ်မျှော်လင့်ရာ အခါခါ
လမ်းတွေရဲ့  အဆုံးမှာ မင်းရှိနေပါ။
မြတ်ဝေ


ဘာမှမလိုချင်တဲ့ အဓိပ္ပာယ်နဲ့(၄)

နေ့စဉ်ရက်ဆက် ညီမလေးနှင်း
ကိုယ်နေထိုင်တဲ့ကမ္ဘာ အခုအခါမှာလေ
အထီးကျန်အခါခါ ပျော်စရာတွေလည်းမပါ
အတူတူမျှဝေ ခံစားဖို့အဓိပ္ပာယ်
ဒုက္ခဝေေ၀ဖြာဖြာတွေထဲ ကိုယ်မခေါ်ရက်ပါကွယ်
ဘာမှမလိုချင်တဲ့ အဓိပ္ပာယ်နဲ့ ကိုယ်သိထားတဲ့ဘဝ
လူဆိုတာ မျှော်လင့်ပြီးရင်းမျှော်လင့် အမြင့်မှာလွင့်လို့...
စာနာပြီးရင်းစာနာ ကိုယ်ချင်းစာလို့...
သနားပြီးရင်းညှာတာ ရင်နှင့်နာလို့...
လောကမှာ ကိုယ်တို့မတတ်နိုင်တဲ့အရာတွေ အများကြီး
ကိုယ်တို့မတွေ့နိုင်တဲ့ အမှန်တရားတွေ အများကြီး
ကိုယ်တို့မထိနိုင်တဲ့ ပျံသန်းမှုအသိပညာတွေ
မှုန်ရီဝိုးတ၀ါး အိပ်မက်တွေနဲ့ လန့်လန့်နိုးရတဲ့ညတွေ
သံသရာအဆက်ဆက် သို့မဟုတ် တစ်ဘဝ
လူတွေမှာလိုနေတာ လူတွေမှာပိုနေတာ
သူ့စည်းကိုယ့်စည်း သာတူညီမျှအခွင့်အရေး
ဘာမှမလိုချင်တဲ့ အဓိပ္ပာယ်နဲ့ အဝေးကိုတွေးလို့
ဘယ်အရာတွေက အရေးကြီးလဲကွယ် ကိုယ်သိချင်တယ်
ငွေကြေး ဂုဏ်ဒြပ်နဲ့ အရာရာသက်မဲ့
တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်
ကိုယ်တို့လိုနေတာ ပန်းပွင့်လမ်းလေး အေးအေးလူလူ
ကိုယ်တို့ လူ့သဘာဝနေ့ရက်အခြေ
သေရင်သေ မသေရင်ကြွေမှာပဲဆိုပေမယ့်
ပတ်ဝန်းကျင် မြေပြင် လေမှာနှင်နေတဲ့ အတွေးလေးနဲ့ကိုယ်
ညိုသာညို မပြိုလေတဲ့ မိုးတွေနဲ့မို့
မစိမ်းလန်းခဲ့ပါ နှစ်လရှည်ကြာ ဝေဒနာ
မျှော်လင့်ဆဲ ဟိုးဝေးဝေး အဓိပ္ပာယ်လေး ဘယ်ဆီမှာ။ ။
မြတ်ဝေ     ၁၉.၉.၂၀၀၇

ညီမလေးနားလည်ပါ
ဒါမကောင်းဘူး ညီမလေးရဲ့ 
ကိုယ်ညီမလေးအပေါ်ထားတဲ့စိတ်နဲ့
ညီမလေးကိုယ့်အပေါ်ထားတဲ့ အရိပ်က
အစစအရာရာကနေ တစ်ခုလေးသွေဖီလေတော့
ကိုယ့်ဘဝ
မပြည့်စုံလေဘူး...
နှင်းမှုန် မိုးဖွဲ နွေဦးသစ်ရွက်တွေဝဲနေပြီ
ကိုယ့်ကဗျာတွေမှာတော့
ညီမလေး အရေးအသားလိုနေတုန်းပဲ
တစ်ဝက် တစ်ပျက်
ကိုယ့်အပြင် လူမရှိတဲ့ရက်တွေထဲ
မြတ်နိုးရနံ့ တွေ သွေးပျက်ဖွယ်
ကိုယ် စဉ်းစားကြည့်မိတယ်
ညတိုင်း.... ဘ၀တိုင်း
ညီမလေးရဲ့  နေထိုင်မှုမှာ ပျော်ဝင်ဖို့
ဆိုတာထက်
ပိုပြီးလေးနက်စေချင်တာပါ
ချစ်ခြင်းနဲ့ မေတ္တာကို ထပ်တူကျစေချင်တာပါ
ကိုယ့်ပခုံးလေးမှာ လှိုက်လှိုက်လေးကြည်နူးစေချင်တာပါ။ ။
မြတ်ဝေ








??်??်??်...

တောသူမလေးနှင်း

တောသူမလေးနှင်း
နင်နဲ့ငါနဲ့ ပြောခဲ့တဲ့ ကြက်တောင်စည်းလေးဟာ
ရှင်နဲ့ကျွန်မ ပြောတတ်တဲ့ ကျစ်ဆံမြီးလေးဖြစ်ခဲ့ပြီ
ဆံစု ဆံစပ် ဆံတောက်လေးနဲ့ လှတဲ့နှင်းရေ
ဆံထုံးလေးနဲ့ ဆံထိုးဆံညှပ်တွေနဲ့ နွဲ့နှောင်းလို့
ဆံမြိတ်လေးချ ဆံရစ်ဝိုင်းလေးနဲ့ ကြော့မော့လို့
မြို့ ကျောင်းကို ရောက်သွားပေမဲ့
ငါတို့ ရွာလေးက ကွမ်းတောင်ကိုင်ဟာ နင်ပါကွယ်
ကြည်လင်တဲ့ မျက်နှာ
ကြည်သာတဲ့ အပြုံး
ခုံးမျက်စလေး နက်မှောင်မှောင်
ကြိုင်လှိုင်သင်းနေတဲ့ နင်ရဲ့ ရည်မွန်ခြင်းတွေအကြောင်း
မြို့ ကတနွဲ့တဖွဲ့သတင်းတွေ ကြားရတယ်
ကျက်သရေ ကြူကြူမွှေး ငါဂုဏ်ယူရသေးပေါ့ နှင်းရေ
ကြော့ရှင်းနေတဲ့ လည်တိုင်လေးဟာ ကမ္ဘာဆန်မှန်း ငါသိပါတယ်
ပိန်းကျားရိုက် သနပ်ခါးတွေမရှိတော့တဲ့ အရပ်မှာ
ခြယ်နားကပ်လေးမပန်ဘဲ ၀င်းညက်နေမယ့် နင့်ပါေးလးနဲ့
စေ့စေ့ကြည့်ခံတဲ့ ပညာရဲ့  မျက်ဝန်း
ချပ်ချပ်ရပ်ရပ် ကိုယ်ကျင့်တရား
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ နှင်းရေ
ကနွဲ့ကလျ ကပိုကရိုမလေးတွေထက် နင်ဟာထုံမွှေးပြီး
ကြွကြွရွရွ ဘောင်းဘီရှည်မလေးတွေထက် သင်းပျံ့  ပျံ့ မွှေးရနံ့  ထုံသင်းပါရဲ့ 
ခါးသေးရင်ချီ ခါတော်မှီလေးနှင်းရေ
နုနုထွတ်ထွတ် နင့်စိတ်ထားတွေ
နုနုဖပ်ဖပ် နင့်ကြင်နာမှုတွေ
န၀င်ပီယံ နင့်စကားသံတွေအတွက်
ကမ္ဘာကို အုပ်စိုးမယ့် နင့်လက်ချောင်းရှည်ရှည်လေးတွေအတွက်
ယမင်းရုပ်လေးကိုကြည့်ပြီး ငါသတိရနေတယ်
ငါသိပ်ချစ်တဲ့ အညာဓလေ့ ရွာဓလေ့တွေရှိရာ
ပျောင်းညွတ်နေတဲ့ စပါးခင်းဝါ၀ါတွေရှိရာ
ပွင့်ချပ်ပွင့်ငုံ ပွင့်ဆံ ပွင့်တံ ပွင့်ဖတ်စုံသော တောပန်းများရှိရာ
နင်ပြန်လာမယ့် ရွာဝင်လမ်းဆီမှာ
ရှက်သွေးဖြန်း ရှက်အမ်းအမ်း နင့်မျက်နှာလေးကိုကြည့်ဖို့
တီတီတာတာ ငှက်ကလေးတွေနဲ့အတူ
ငြိမ့်ညောင်းသာယာ ဆည်းလည်းသံတွေနဲ့အတူ
ခွာညို ခွာပြာပန်းလေးတွေနဲ့အတူ
တမာတန်းက ရေချမ်းစင်လေးရဲ့ ဘေး ငါမျှော်ငေးနေမယ်
အညာသူမလေး နှင်းရေ
ခေတ်ကာလက နင့်အလှတွေကို ချွတ်ခြွေမချစေဖို့
ရွာဦးစေတီလေးမှာ ငါအမြဲဆုတောင်းပေးနေတယ်
နင့်ဘ၀လေး ငြိမ်းချမ်းစွာ လင်းလက်ပါစေတော့။
  မြတ်ဝေ..................၂၂.၆.၂၀၀၉


     

??်??်??်...

မိနှင်းငယ်သို့

မိနှင်းငယ်သို့ (၁)
မိနှင်းငယ်ရေ
ဒီနေ့ဟာ ငါမင်းကို သိပ်လွမ်းတဲ့နေ့ပေါ့
ဘာကိုမှမခံစားချင်လောက်တဲ့ ဝေဒနာပေါ့
ငါ့ဘ၀ရဲ့ အနာအဆာတွေကို ငါအလိုမကျ
ငါ့လောကရဲ့ စိတ်ပျက်စရာတွေကို ငါအထာမကျ
ဒီနေ့ အိပ်ယာထတယ်
ဒီနေ့ထမင်းစားတယ်
ဒီနေ့ ဟိုသွားသည်သွားတယ်
ဒီနေ့ အတွေးတွေ လေမှာလွှင့်တယ်
မင်းကို သိပ်လွမ်းနေလို့
ဒီနေ့ ငါအကုန်လျှောက်လုပ်တယ်ပေါ့ကွာ။
ငါ့မှာဟာသတွေပြောပြီး ရယ်မရတာ
ကဗျာတွေရေးပြီး ကဗျာမဆန်တာ
ပျော်ချင်ယောင်ဆောင်ပြီး ငါ့စိတ်တွေတိုနေတာ
မိနှင်းငယ်ရေ
ချမ်းသာဖို့ ပိုက်ဆံလိုတယ်ဆိုသူတွေကိုပြောလိုက်
ကဗျာရေးနည်းစာအုပ်ထုတ်သူတွေကို ပြောလိုက်
အမှိုက်လို ဒိုက်လိုလူတွေကိုပြောလိုက်
ရေတိမ်မှ မဟုတ်ဘူး
ဥာဏ်တိမ်ရင်လည်း နစ်တတ်တယ်လို့
မိနှင်းငယ်ရေ
ပညာသားပါပါလေး ငါ့ကိုချစ်ပြီး
ပညာသားပါပါလေး ငါ့ကိုလွမ်းပါ
ငါ့မှာပညာသားပါပါလေး အသက်ရှင်နေရကြောင်း
မင်းသတိပြုပါ။
ဒီနေ့ စမ်းချောင်းလေးထဲမှာ
ငါးသေးသေးလေးတွေ ကူးခတ်နေတာ
ရေစီးသံတွေက ဂီတလိုဖြစ်နေတာ
တောနဲ့ တောင်တွေ ထပ်နေတာ
ဟောဒီ ရာဘာပင်တွေရှိတဲ့အရပ်မှာ
ငါဘာကိုခံစားနားလည်ရမလဲ
လူ့ဘ၀ဆိုတဲ့ အကြောင်းအရာကိုရှင်းပြရင်း
မင်းနားမလည်တဲ့ ဘာသာစကားများနဲ့ ငါ့ကို
မင်းမသိရှိသော ရူးသွပ်မှုများနဲ့ ငါ့ကို
နေရစ်တော့လို့ မင်းထားလေမလား
ဒီနေ့ မြောက်အရပ်ဆီက လေတွေသိပ်တိုက်တာပဲ။
မိနှင်းငယ်ရေ
လမ်းပေါ်ကလူတွေအကြောင်းမှတ်မိသေးလား
ကိုယ့်လမ်းနဲ့ ကိုယ့်အရှိန်နဲ့
ငါ့မှာ ကွဲအက်ခါနီး အင်ဂျင်တစ်လုံးနဲ့
ငါ့ကိုဖြတ်ကျော်သွားသော အင်ဂျင်ခပ်သန့်သန့်များ
သူတို့လမ်းတွေမှာ ငါဟာအရှိန်လျှော့သူပါ
လမ်းဘေးကို ခဏခဏချမောင်းရသူပါ
ငါဟာ အဆဲဆိုခံရသူ အနှေးယာဉ်လေးပေါ့
ဒီနေ့ ငါ့ကိုကျော်တက်သော နေ့စဉ်ရက်ဆက်များ
ပွတ်သီစွာ ကပ်ဖွဲ့စွာ
ဒီနေ့ ဒီလမ်း ဒီလေမှာ
ငါဘယ်လို အသက်ရှင်ရမလဲ။
ဒီနေ့ ငါ့အိပ်မက်ထဲမှာ
ငါဟာသေဆုံးနေခဲ့ပြီး
ငါဟာငါ့အသက်ကို ပျော်ရွှင်စွာ နုတ်ယူခဲ့ပြီး
ငါရေးသောကဗျာများကို ပြန်ဖတ်နေမိပြီး
ငါချစ်သော မန္တလေးကို ပြန်မြင်နေမိပြီး
ငါမပျော်ဝင်နိုင်သော လူ့လောကကို ဟားတိုက်ကာ
ငါမင်းကိုသိပ်လွမ်းနေမိသည်။
မြတ်ဝေ................
 
မိနှင်းငယ်သို့ (၂)
အရာရာ တစ်ယောက်တည်းပါကွယ်
ကိုယ်လွမ်းနေတဲ့အခါ
ညတွေကို အခါခါရေတွက်လို့
ကျေးငှက်သံတွေကို ဂီတလိုနားဆင်လို့
လရောင်တွေနဲ့ လန့်လန့်နိုးလို့
သိပ်ဆိုးတဲ့ အထီးကျန်ဆန်မှုမျိုးနဲ့
အိပ်မက်တွေရဲ့  အပြင်မှာ
အခါခါလန့်နိုးခဲ့ရပေါ့ နှင်းရေ
အခုလို တောတွေတောင်တွေအလယ်မှာ
သော်ကရဲ့  ကာတွန်းစာအုပ်တွေကိုင်ပြီး
ဆွေမင်းဓနုဖြူရဲ့  မြိုင်ရာဇာတွတ်ပီကြီးလိုလုပ်ပြီး
ဆင်၀၀ဖီးဖီးကြီးတွေ ရှိတဲ့ ဒီအရပ်မှာ
အလွမ်းတွေမပါပဲ ကိုယ်ပျော်နေချင်တယ်
ရာဘာပင်တွေ သီဟိုဠ်ပင်တွေအောက်မှာ
အေးချမ်းပျော်ရွှင်စွာ အိပ်စက်နေချင်တယ်
ကိုယ်ဖတ်ချင်နေတဲ့ဝတ္တုမျိုးတွေ
ကိုယ်ထိတွေ့ချင်နေတဲ့ ကဗျာတွေ
ကိုယ်သိထားတဲ့ မီဒီယာဆိုတာတွေ
ကိုယ်သိပ်လွမ်းနေရတဲ့ အရာရာတွေ
ဟောဒီအရပ်မှာ ဘာမှမရှိဘူးကွယ်
ကမ္ဘာကြီးနဲ့ပြန်ဆက်သွယ်လို့ရမယ်ဆိုရင်
ခေတ်ပေါ်အာရုံနဲ့ အလွမ်းကဗျာတွေရေးချင်တယ်
မင်္ဂလာပါ လို့ ပြောပြီးအားလုံးကို နှုတ်ဆက်ချင်တယ်။
မြတ်ဝေ........................................
 
မိနှင်းငယ်သို့ (၃)
(၃) လကျော်မှ ပါလာမယ့် ဒီကဗျာလေးထဲမှာ
လူတစ်ယောက်ရဲ့  အလွမ်းတွေ ပါတယ်
မနက်ခင်းက မြူလိုလို နှင်းလိုလို ဖြူမှုန်နေတဲ့အခါပေါ့
အတွေးဟာ လူတစ်ယောက်ကို သတ်ပစ်နိုင်တယ်ဆိုရင်
ကိုယ်သေလိုက်ချင်တယ်
ဘ၀မှာ မဖြစ်ချင်တာတွေလည်း ဖြစ်ခဲ့ရတယ်
ဖြစ်ချင်တာအနည်းငယ်လည်း ဖြစ်ခဲ့ရတယ်
သေချာတာကတော့ စိတ်ကူးထဲက နန်းတော်ကြီးဟာ
စိတ်ကူးယဉ်မှုသက်သက် ဖြစ်ခဲ့တာပဲ
အမှန်တရားဆိုတာ မျှော်လင့်နေတဲ့ လူတွေရဲ့ 
အသက်ရှင်မှု ဘာသာစကားပဲ
ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲတွေကပေးလိုက်တဲ့ အသိတရားပဲ
သေခြင်းတရားအတွက် အသင့်မဖြစ်သေးခင်မှာ
သေဆုံးခဲ့ရတဲ့ လူတွေရဲ့  သွေးတွေက
ရှမ်းရိုးမက မြေတွေကို နီကျင်စေခဲ့ပြီ
ခုတ်လှဲခံရတဲ့ သစ်ပင်တွေရဲ့  အော်သံဟာ ကမ္ဘာဆီပြန်လာခဲ့ပြီ
ကိုယ်တို့ ဘာကို အကောင်းမြင်ရမှာလဲ
ကိုယ်တို့ ဘယ်မှာ ပျော်ရွှင်ရမှာလဲ
အချစ်ဆိုတာ နားလည်ဖို့ခက်တဲ့ အကိုင်းအခက်တွေ
အဝေးကမင်းရယ်သံကို မကြားရတာကြာတော့
စိတ်ထဲက အဆင်မပြေမှုက ပတ်ဝန်းကျင်ကို အရောင်ဆိုးခဲ့တယ်
သေချာတာတွေပဲ ပြောချင်နေတဲ့ ကဗျာဆရာက
စိတ်ကူးယဉ်သမားသက်သက် ပါကွယ်
တို့တတွေ ရေးဆွဲခဲ့တဲ့ အလင်းရောင်မှာ အဖြူတွေဖွေးဖွေးလှုပ်ပြီး
တို့တတွေ တွေ့ရှိခဲ့တဲ့ ပျော်ရွှင်မှုဟာ အ၀ါရောင် ရွက်ခြောက်လေးပါကွယ်
မာနကြီးတတ်တဲ့ ကဗျာဆရာတစ်ယောက်ဟာ
ကြောက်ရွံလွန်းသော ရဲရင့်သူဖြစ်တယ်
အဆင်မပြေခြင်းဟာ
ကဗျာဆရာတစ်ယောက်ရဲ့  အသက်ဓါတ်ဖြစ်တယ်
သစ်ပင်မြင့်မြင့်ကြီးတွေဖြစ်ဖြစ် သစ်ပင်နိမ့်နိမ့်လေးတွေဖြစ်ဖြစ်
သစ်ပင်ဟာ သစ်ပင်ပါကွယ်
မအောင်မြင်ခဲ့သော အမှန်တရားဖြစ်စေ လူမသိခဲ့သော အမှန်တရားဖြစ်စေ
အမှန်ဟာ အမှန်ပါကွယ်
ဆင်းရဲသားတစ်ယောက်ရဲ့  အချစ်ဆိုဆို လူချမ်းသာရဲ့  အချစ်ဆိုဆို
အချစ်ဟာ အချစ်ပါကွယ်
အဆင်ပြေသော အလွမ်းပြောပြော အဆင်မသင့်သော အလွမ်းပြောပြော
အလွမ်းဟာ အလွမ်းပါကွယ်
ဟောဒီ တောင်တန်းကြီးတွေဟာ ကိုယ်တို့ရဲ့  အသက်ဖြစ်တယ်
ဟောဒီ မြစ်ကြီးတွေဟာ ကိုယ်တို့ သွေးကြောတွေဖြစ်တယ်
ဒီမြေဟာ ငါတို့မြေ
ဒီပြည်ဟာ ငါတို့ပြည်
ဒီအရပ်မှာ ငါတို့ လွတ်လပ်မှုတွေရှိတယ်
ဒီကမ္ဘာကြီးကို ကိုယ်တို့အရောင်မဆိုးသင့်ပါဘူးကွယ်
အရောင်တွေ အကြောင်းကို သိပ်မသိသူအနေနဲ့
ဒီကမ္ဘာကို အရောင်မဆိုးသင့်ပါဘူးကွယ်
ကဗျာဆရာရဲ့  အလွမ်းတွေကိုရတဲ့
ကဗျာဆရာကို ကဗျာတွေရေးစေတဲ့သူဟာ သိပ်တော်သတဲ့
သေခါနီး လူတစ်ယောက်ကို အလိုလိုက်သလိုမျိုး
ကိုယ့်ကိုကိုယ် အလိုလိုက်ခဲ့တယ်
ကဗျာဆရာဟာ သေဆုံးခါနီးပါပြီကွယ်။ ။
မြတ်ဝေ....................................
 
မိနှင်းငယ်သို့(၄)
အချစ်ဟာခေတ်မှာေ၀၀ါးခဲ့ပါပြီကွယ်...
ဘာလဲဘာလဲလို့မမေးနဲ့အချစ်ရေ
ချာလီချက်ပလင်က မျက်မမြင်ပန်းသည်မလေးကို ချစ်သလိုမျိုး
Mr.Bean က သူ့ဝတ်ဝံရုပ်လေးကို ချစ်သလိုမျိုး
ကဗျာဆရာက သူ့ကဗျာတွေကို ချစ်သလိုမျိုး
မန္တလေးက အနုပညာကိုချစ်သလိုမျိုး 
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ကိုချစ်သလိုမျိုး
ငါ မင်းကို ချစ်တယ် ဆိုတာ ယုံ ။ ။
မြတ်ဝေ.......................................
 
မိနှင်းငယ်သို့(၅)
အရာရာကိုယ့်ဘက်မှာမရှိတော့တဲ့အခါပေါ့
ရာသီဥတုက ကိုယ့်ဘက်မှာမရှိဘူး
အခြေအနေက ကိုယ့်ဘက်မှာမရှိဘူး
အနေအထားက ကိုယ့်ဘက်မှာမရှိဘူး
အခွင့်အရေးက ကိုယ့်ဘက်မှာမရှိဘူး
ဆိုးကိုဆိုးလွန်းတဲ့အဖြစ်ကို တွေးပူနေရသလို
လိုင်းကားပေါ်တက်လိုက်ရမလား လမ်းလျှောက်ရမလား
အကုန်အကျသက်သာဖို့  အသားထဲကစိမ့်ထွက်လာတဲ့ရေ
ငါးဆယ်လား နှစ်ရာလား ဘ၀ကိုဝယ်မှာလား
ကိုယ့်ဆီမှာဘာတွေ ဘယ်လောက်ရှိပြီး ဘာတွေတောင်းဆိုခွင့်ရှိလဲ
ကိုယ်ကဘယ်အစားထဲကနေပြီး
မနက်ဖြန်မှာ ဘယ်ပုံစံနဲ့  ထမင်းစားရမလဲ
ဝတ်ကောင်းစားလှတွေနဲ့  သုတ်သုတ်ပြာပြာရန်ကုန်မှာ
မရှိတာတွေကို ရှိသလိုဟန်လုပ်ဖို့ 
အမှန်တရားကို ၀ှက်ဖဲလိုမှောက်ထားရမလား
ကဗျာမဟုတ်တာကို ကဗျာလုပ်ဖို့ 
စာမျက်နှာပေါ်ပို့ ဖို့ 
အနုပညာကို ပက်လက်လှန်ထားရမလား
တခြားဦးနှောက်နဲ့  ကိုယ့်အတွေးလုပ်ဖို့ 
ကိုယ်ကျင့်သိက္ခာကို မေ့မေ့ထားရမလား
တစ်နေရာရာမှာ စုပြုံထိုင်ပြီး
တစ်ယောက်ယောက်လာရင် တစ်ခုခုမေးရမယ်ဆိုတဲ့
အသိနဲ့ 
ကမ္ဘာကြီးကို မကောင်းမြင်ကြည့်ရမလား
ပညာကို မကောင်းမြင်ကြည့်ရမလား
ချမ်းသာဖို့  ဂုဏ်ရှိဖို့ 
ရော့ အင့် ဆိုပြီး ထိုးထိုးကျွေးရမလား
လာဟာ လာကွာ ဆိုပြီး ဆွဲ ဆွဲ စားရမလား
လူမှုဆက်ဆံရေးအဆင်ပြေဖို့ 
ပြုံးပြုံးပြပြီးမှ မဲ့ရွဲ့ နေရမှာလား
မျက်နှာမျာရှိတဲ့ အကြောတွေနဲ့ 
စိတ်ထဲမှာရှိတဲ့ အချဉ်တွေ
တတ်ထားတဲ့ဘာသာစကားကိုလွန်ပြီး သင်ထားတဲ့ဘာသာစကား
မမြင်တတ် မကြည့်တတ်ဘဲ လုပ်ဇာတ်ထဲက အကြောင်းအရာ
အရေး အခြစ်
မကြုံတွေ့ ရတဲ့ ဇာတ်လမ်းကို ရမ်းကုချင်တဲ့ အပြုအမူတွေ
အဖတ် အပြော
ဒါမျိုးတွေနဲ့  အမောဖြေရမလား
ဒီပုံမျိုးနဲ့  တည်ဆောက်ရမလား
နေလာတာကြာတော့ နောတွေလည်းကြေနေပြီ
ပလီစိချောက်ချက် ထွက်လာတဲ့အသက်နဲ့ 
ပစိပစပ်များ ပလုပ်ပလောင်းပြောသွား
အရာရာကို ချစ်တဲ့စိတ်နဲ့ မေ့ထားရမလား
တစ်ယောက်က အထာဆို တစ်ယောက်က အထာ
တစ်ယောက်က ကညာဆို တစ်ယောက်က ကညာ
တစ်ယောက်က ဗလာဆို တစ်ယောက်က ဗလာ
ဝလုံးရေးတဲ့နည်းပညာ အဖွဲ့ အနွဲ့ 
သုညတွေထပ်နေတဲ့ အတတ်ပညာ
စိတ်ကျန်းမာရေး ဆေးရုံကြီးပေါ်မှာ
ကိုယ်ဟာ တငိုငို တရီရီ ရွာကျလို့ 
မြင်နေကြားနေရတာကို တဟီဟီရယ်ဟားလို့ 
စိတ် လွင့်နေ
ကြွနေ
ကျနေ
တခြားနာမည်နဲ့  သေနေတဲ့ကဗျာတွေ
ဆေးတို့ ထားတဲ့ကဗျာတွေကို ယုံယုံကြည်ကြည်ကိုက်ဝါးရမလား
အခန်းတွေ ပေးမယ်
အခန်းတွေနဲ့  နေရမယ်
အခန်းတွေနဲ့  သေရမယ်
ကမ္ဘာမှာ
ကြက်ဥ အတု
ဆန် အတု
အပြုံး တု
အတွေး တု
ယုံကြည်မှု အတု
ခံစားမှု အတု
စုတု စုတု နဲ့ 
ပြုဆီမရောက်နိုင်တဲ့  ထစ်ထစ်နေသောဓာတ်ပြားများ
ဖွင့်လို့ မရနိုင်လို့  ထားပါတော့ဆိုပါဆို့ 
ဘကြီးအောင်ညာတာနဲ့  ကဗျာဆရာညာတာ
ဘယ်ဟာပိုဆိုးသလဲ
ကဲ
ဖြေ။ 
မြတ်ဝေ........၇.၁၀.၂၀၀၉





??်??်??်...

သူ့ဆံနွယ်လေး အဝေးမှာ

သူ့ဆံနွယ်လေး အဝေးမှာ
အရာရာကိုယ်လေ အဖြေရှာ
လိုအပ်နေတဲ့ အမှန်တရား အဓိပ္ပာယ်
မင်းဘယ်ဆီ ဘယ်ဝယ်
ဆံနွယ်လေးရဲ့ အဝေး
မေတ္တာတေးခေါင်ခေါင်
ပျက်ဆီးနေတဲ့ အရိပ်အရောင်နဲ့ အရာရာ
ပျော်စရာအရေးလဲ တွေးမရ
နေရာတကာ ကိုယ်နေထိုင်ရာ
အချိန်တွေ အခါခါ အနေကြာ
ခု နေ က မ္ဘာ ....
ဒီလိုအချိန်ချိန် ခပ်ဝေးဝေး
သူ့ဆံနွယ်လေးမွှေးနေမှာ။ ။
မြတ်ဝေ.....................................................

တကယ့်ကို ခဏလေး
ကျွန်တော်ပြုံးထားပေမဲ့ ကျွန်တော်မျက်လုံးတွေ
အမြင်ဟာေ၀၀ါးပြတ်ရှလို့
ကျွန်တော့်စိတ်မှာ သွေးစိမ်းရှင်ရှင်
ကျွန်တော် အသက်ငင်နေပုံများ စည်းချက်မညီ
တကယ့်ကို ခဏလေးဆိုပေမယ့်
ကျွန်တော် မျှော်လင့်သက်ကို သတ်သွားခဲ့တာ
ကျွန်တော့်မှာ ဆွဲမိဆွဲရာ လွဲမိလွဲရာ
သူမမရှိတဲ့ ကမ္ဘာမှာအဆင်မပြေတာလည်း သေချာတော့
မျက်စိမှတ်ပြီး ရူးရူးမိုက်မိုက်မျိုချနေမိ
စူးစူးစိုက်စိုက် ရေရွတ်နေမိ
ကျွန်တော်မသိတဲ့ အမှောင်ကမ္ဘာ
ကျွန်တော်နားမလည်တဲ့ ဘာသာစကား
ကျွန်တော်မရနိုင်တဲ့ ပျော်ရွှင်မှု
တရွေ့ရွေ့လေး တုန်လှုပ်စွာဖြင့် ကျွန်တော်
တကယ့်ကို ခဏလေး လူ့ဘ၀အဝေးမှသည်
အသက်ရှုရပ်။ ။
မြတ်ဝေ.....................

အလွမ်း
မမြင်ရတဲ့ ကိုယ့်စိတ်နဲ့ ကိုယ်ပြန်ဖမ်းမိ
ပြာလဲ့လဲ့ မင်းအပြုံးတွေက လရောင်ရဲ့  အရိပ်မှာ
...........ဝေးဝေးကို တွေးပြီး
တွေးပြီးကို ဝေးဝေးနေရတယ်။ ။
မြတ်ဝေ ...............

ဝါသနာ
အရာအားလုံးကို မေ့လျော့စွာဖြင့်
သူမထံတွင် ပျော်ဝင်
ကမ္ဘာသည်လည်းမရှိ ငါသည်လည်းမရှိ
တကယ်တမ်းမေ့လျော့ထားခဲ့ပြီး
တကယ်တမ်းမေ့လျော့မရခဲ့သော သူမသည်
ဆွေးဆွေးမြေ့ မြေ့ လေး ၀င်ရောက်ခဲ့ပြီး
အဆုံးစွန်ဆုံး သိမ်မွေ့ခဲ့ ပြန်
တဖန်ပြန်၍အချစ်ဆုံးဖြစ်ခဲ့ပြန်
ခံစားခဲ့ရတယ်ဆိုတာ ပြီးသွားခဲ့သော်လည်း
ကျွန်တော်မငြီးငွေ့ ခဲ့ပါ
ကျွန်တော် လစ်လျူပြု၍ မရခဲ့ပါ
စကားလုံးလေးတွေ စီနေတာကအစစွဲလမ်းလို့
သူ့နှုတ်ဖျားမှာ ခိုနားခဲ့ရပြီး
ကလေးတစ်ယောက်လောကကြီးအကြောင်း သင်ယူသလို
ဆင့်ကဲဆင့်ကဲ တတ်မြောက်ခဲ့ရ
ဘ၀ထဲဝင်ဖို့ အများကြီးသင်ယူရသလိုပါပဲ
ဆရာဝန်တစ်ယောက် ကိုယ်ကျိုးစွန့်သလိုပါပဲ
ကျောင်းသားတစ်ယောက် စာမေးပွဲဖြေရသလိုပါပဲ
အရင်တုန်းကဆိုရင် ဆိုပြီးပြန်ပြန်တွေးနေမိတာ
ကျွန်တော်တို့ခေတ်ကိုက အရာရာေ၀၀ါးလို့
အတိတ်ကို အတိတ်မှာမထားခဲ့မိတာ အမှား
အနာဂတ်ကို ကောင်းသောအားဖြင့် မျှော်လင့်မိတာအမှား
အခုသောအဖြစ်မှာ ကျွန်တော်လည်းအပြစ်မရှိ
သူမလည်း အပြစ်မရှိ
ဝါသနာနှင့်သာ သိ၍
ဤကဗျာ ဤအထာသည်
ပျံသန်းရွေ့ လျားလေတော့သည်။ ။
မြတ်ဝေ

ဝေးခဲ့လေရာ
ဤကမ္ဘာတွင် သူ့၏အကြည့်  သူ့သတိနှင့်ဝေးခဲ့လေရာ
ရယ်မောပျော်ရွှင်ဖွယ်ရာများလည်း ကုန်ဆုံး
ဘ၀ဆိုသည့်အဓိပ္ပာယ် တိုက်ပွဲလည်းမဟုတ်
အရေးအသားရှုပ်လှသော ကဗျာတစ်ပုဒ်သည်သာ
သက်ဝင်သွေးကြွ သူ့အရေး
သူ့အတွေး နေရာတကာ
ညဘက်များစွာမှာဆို
အလွမ်းရယ်ဖြူဖြူဖွေးဖွေး နှင်းစက်အေးတွေနှင့်
အရှေ့ တောင် အနောက် မြောက်လေခြောက်တွေနှင့်
အခုတော့လည်း မင်း ငါ့ကို နင်းခြေ
ပခုံးလေးကို မှီခိုခဲ့ပြီး
အပြုံးလေးတွေ လေလိုစီခဲ့ပြီး
ထွေရာလေးပါး စကားများခဲ့ပြီး
အမှားများရာ ဤသံသရာတွင်
တညိမ့်ညိမ့်သွေး လေပြည်အေးနှင့် ဝေးခဲ့လေရာ။ ။
မြတ်ဝေ..............................

အလှမ်းဝေးဝေးနဲ့ မင်းအကြောင်းလေးတွေ
အတူတူပါပဲလေလို့ ပြောမထွက်အောင် ဝေးကွာခဲ့ပါတယ်
ဓာတ်ပုံလေး ကိုယ့်နံဘေးမှာကအစ
ဘ၀နောင်ရေး တွေးနေတာလေးကအစ
ကဗျာလေးတွေရေးပြီး ဘာသာစကားလေးဘယ်ပုံဘယ်လို
ကိုယ်ကခြေလှမ်းအစ မင်းကဖွံ့ ဖြိုးမှုအလှနဲ့ ဘာသာဗေဒ
ငေးရင်း ငေးရင်း သစ်ဆန်း
မင်းအကြောင်းလေးတွေ ကိုယ်လိုက်မမှီတော့ပါ
မင်းကိုယ့်ကိုချစ်နေတာကအစ ကိုယ့်မှာအားငယ်
ကိုယ်ကြိုးစားမယ်ပြောပြောပြီး ကိုယ့်မှာအားငယ်
ပြောခဲ့ဘူးတဲ့အတိုင်း ကိုယ့်အတွက် ဓားလိုနေရောင်လို ပညာ
ကိုယ့်အသိုင်းအ၀ိုင်းမှာ ကိုယ်ပြောပြမှသိမယ့်လူ အများကြီး
ကိုယ့်အမျိုးတွေက တောရွာလေးတွေမှာ
ကိုယ့်လက်မှာချိတ်ထားတဲ့ မောင်နှမလေးတွေနဲ့
ကိုယ့်မှာလေ မပြည့်မ၀ စိတ္တဇလေးတွေနဲ့
စိတ်ထဲမှာ အလှမ်းဝေးဝေး အကြောင်းအကြောင်းလေးတွေ
မင်းအကြောင်းတွေးရင်း ကမ္ဘာဆန်လာတယ်
ကိုယ့်အခန်းလေးက အင်မတန်ကျယ်လာတယ်။
မြတ်ဝေ.................၂၃.၈.၂၀၀၇
 
တစ်ယောက်ထဲနေ့များ
ဝေးသွားတဲ့ အမှန်တရားကိုကြည့်ပြီး
ဝေးနေတဲ့ သူငယ်ချင်းတွေရှိတဲ့အခါ
ဝေးဝေးက ခေတ်ပေါ်ကဗျာတွေနဲ့
ရင်ထဲက မိနှင်းငယ်ကို သတိရမိတယ်
နာဖျားခြင်းနောက်ကွယ်က မီးလို
ငါ့စိတ်တွေ တစိမ့်စိမ့်ယိုကျလို့
ငါ့ဖယောင်းတိုင်လေးနဲ့ငါ အသက်ဆက်လို့
ရှင်သန်ခြင်းကို မိုးမြေအဆုံး လိုက်ရှာတယ်
ဘ၀ဟာ ဘာလဲဆိုတာ ခပ်ရေးရေးလေးထိတွေ့ပြီး
ငါ့အရိပ်ဟာ ငါနဲ့ဝေးရာဆီ
ငါ့ကဗျာတွေက ငါ့နဲ့ ဝေးရာဆီ
ဟိုအရင်က အတွေးကိုပြနှ်ဆွဲပြီး
ကိုယ့်ပန်းချီကားလေးကိုယ်ပြန်ကြည့်နေမိ
နေရောင်ရယ် တိမ်ရိပ်ရယ် မိုးသားရယ်
လေညင်းရနံ့ နဲ့ ဆံနွယ်တွေရယ်
ဘာသာစကားရဲ့ အလှတရားရယ်
အရာရာကို ပြန်အသက်သွင်းလိုက်ပြီး
ငါ့စိတ်လေးငါ့ဆီပြန်ရောက်လာတဲ့အခါ
အလွမ်းငွေ့ခပ်ပါးပါးလေး စွန်းထင်လို့။
မြတ်ဝေ .....................

??်??်??်...

Sunday, October 3, 2010

ငွေတေးထပ်

ခုခေတ်မှာ ငွေရှိက
ပြည်အသိ ကျော်တာ။
ငွေမရှိ ချော်ပါလျှင်
ဖော်သဟာ ရှောင်ရှား။
ငွေမဲ့လို့ မွဲသူကို
အကဲထူ မထား။
ပညာတွေ ဘယ်လောက်များစေတော့
အုတ်ကြားပေါက် မြက်ထင်။
ဆင်းရဲသူ ပညာရှိပေမယ့်
နင်ဘာသိ ပြောဆိုကြချင်။
ထီပေါက်လို့  ငွေစမြင်လျှင်
ခဏပင် ပညာရှိနိုင်ခဲ့။
ဂေါ်ရင်ဂျီ  ဖြစ်ပေမယ့်
ငွေကြောင့်ရိုသေ။
ငွေအိတ်နှင့် ထုချေပါလျှင်
အမှုတွေတောင်
အောင်ကိန်းပလေး.......။

(မှတ်ချက်) ဤကဗျာကို မန္တလေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ 
                   ကထိကဆရာတော်တစ်ပါးကူးပေးပါသည်။

??်??်??်...

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

                       ဆရာဇော်ဂျီ

??်??်??်...